ရန်ကုန်၊ မတ် ၁ မြန်မာပြည်ဒီမိုကရေစီရရှိမှသာ အမျိုးသားညွန့်ပေါင်းအစိုးရ-NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ အရိုးပြာကို ပြည်တော်ပြန်သယ်မည်ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်က ပြောကြားသည်။ အမေရိကန်စံတော်ချိန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းတက္ကသိုလ် (UMD) ရှိ Memorial Chapel တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒေါက်တာစိန်ဝင်း၏ ဈာပနအခမ်းအနားတွင် ဇနီးဒေါ်စီစီသွယ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ အရိုးပြာကို သိမ်းဆည်းထားကာ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီရရှိသည့် အချိန်ကျမှသာ မိခင်နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆိုသည်။ ဒေါ်စီစီသွယ်က “ဆရာ့ရဲ့အရိုးပြာကို သိမ်းထားပါမယ်။ မြန်မာပြည်ဟာ […] The post မြန်မာပြည်ဒီမိုကရေစီရရှိမှသာ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ အရိုးပြာကို ပြည်တော်ပြန်သယ်မည်ဟုဆို appeared first on Khit Thit Media .