တောင်သူလယ်သမားနေ့ အကြို ပြခန်းဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ မရမ်းချောင်းကျေးရွာမှာ ပြုလုပ်

Credit to Popular Journal - မတ်လ(၂)ရက်တွင် ကျရောက်မည့် (၆၄)နှစ်မြောက် တောင် သူလယ်သမားနေ့ အကြိုပြခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ (၄)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၊ မရ မ်းချောင်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသိုက်စိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုး ရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြခန်းတွင် ဌာနဆိုင်ရာပြခန်း၊ ကုမ္ပဏီပြခန်းများနှင့် ခရိုင်အ လိုက် ဒေသထွက်ကုန်ပြခန်း ပေါင်း (၆၀) ကျော် ခင်းကျင်းပြသထားကြောင်း သိရသည်။ The post တောင်သူလယ်သမားနေ့ အကြို ပြခန်းဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ မရမ်းချောင်းကျေးရွာမှာ ပြုလုပ် appeared first on Popular .