Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၏ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ (၁၀၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် မြို့ပေါ်ရှိ သံဃာအပါး (၁၀၀၀)ကျော် နှင့် သီလရှင်ဆရာကြီး၊ဆရာလေး အပါး (၃၀၀)ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ (၁)ရက်နေ့ ညနေ (၄)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မအူပင်မြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အသင်းအဖွဲ့များ၊ အလှူ့ရှင်များမှ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ လှူဒါန်းခဲ့ကြကြောင်းလည်းသိရသည်။ မအူပင်မြို့၏ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ၂ရက်နေ့ တပေါင်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ The post မအူပင် မြို့နယ်တွင်(၁၀၅)ကြိမ်မြောက် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အကြို သံဃာအပါး (၁၀၀၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ် appeared first on Popular .