Credit to Popular Journal - ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယနေ့ မတ် ၁ ရက်မွန်းလွဲ ၂ နာရီခန့်က အိမ်စီးကားမောင်းသူအိပ်ငိုက်ပြီး ဘယ်ရီယာတုံးများကိုဝင်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ အမျိုးသား(၁)ဦးမောင်းနှင်ကာ အမျိုးသမီး (၄)ဦးလိုက်ပါလာသော Toyota Hilux Revo ကားသည် မိုင်တိုင်အမှတ် ၁၇၆/၆ နှင့် ၁၇၆/၇ ကြားအရောက် ကားမောင်းသူအိပ်ငိုက်ပြီး ဘယ်ရီယာတုံးများကိုဝင်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားမောင်းသူနှင့် လိုက်ပါလာသူများတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သက်ဆိုင်ရာတာ ဝန်ရှိသူများက ကူညီမှုများပြုလုပ်ပေးပြီးနောက် ဆေး ရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ The post အိမ်စီးကားမောင်းသူအိပ်ငိုက်ပြီး ဘယ်ရီယာတုံးများကိုဝင်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် လိုက်ပါလာသူအားလုံးဒဏ်ရာရ appeared first on Popular .