ကမ္ဘာ့သတင်းအချို့တွင် ကြားသိရသောအခြေအနေမျိုးမဟုတ်သည်ကို မြင်တွေ့ရပြီးမြန်မာနိုင်ငံ၏ အောင်မြင်တိုးတက်မှုများကို မျက်ဝါးထင်ထင်မြင်ရ၍ အံ့သြဝမ်းသာဟု LMFA ဥက္ကဋ္ဌပြော

Credit to Popular Journal - မြန်မာနိုင်ငံသို့ ​ရောက်ရှိ​နေ​သော လာအို-မြန်မာချစ်ကြည်​ရေးအသင်း LMFA သည် ယ​နေ့ မနက်က လာအိုသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။ချစ်ကြည်​ရေး ခရီးအပြန်အား မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ မြန်မာ-လာအိုချစ်ကြည်​ရေးအသင်း ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ တာဝန်ရှိသူများက လေဆိပ်သို့ လိုက်လံပို့​ဆောင်နှုတ်ဆက်ခဲ့ကြသည်။  ​လေဆိပ်နားနေ​ဆောင်တွင် LMFA ဥက္ကဌကျန်ထဝုန်း က  နှစ်နိုင်ငံလိုအပ်​နေ​သောအခန်းကဏ္ဍ ​များတွင် အတူပါဝင်သွားမည်။ ယခု ခရီးတွင် ​တွေ့မြင်ခဲ့ရမှုများသည် ကမ္ဘာ့သတင်းအချို့တွင် ကြားသိရသောအခြေအနေမျိုးမဟုတ်သည်ကို မျက်မြင်တွေ့ရှိရကြောင်း​မြန်မာ၏အောင်မြင်တိုးတက်​နေပုံကို မျက်ဝါးထင်ထင် မြင်ရ၍ အံ့သြဝမ်းသာမိ​ကြောင်း၊မြန်မာရှိ လာအိုသံရုံး နှင့်လည်း မိသားစုသဖွယ် ​နွေး​ထွေး​ပေးရန် ​မေတ္တာရပ်ခံရင်းMOU ပါ အချက်တိုင်း ​အောင်မြင်​အောင်ကြိုးစားသွားမည်ဟု​ပြောကြားသွားသည်။ မြန်မာ ဖက်မှချစ်ကြည်​ရေးအသင်း ဒုဥက္ကဋ္ဌ ဦးမျိုး​အောင်က  မြန်မာတွင်ကျင်းပ​သော MSME ပွဲများတွင်လည်း လာ​ရောက်ဆင်နွဲရန်၊ ရင်းနှီးမြှုပ်နှံလိုသူများရှိကလည်း […] The post ကမ္ဘာ့သတင်းအချို့တွင် ကြားသိရသောအခြေအနေမျိုးမဟုတ်သည်ကို မြင်တွေ့ရပြီးမြန်မာနိုင်ငံ၏ အောင်မြင်တိုးတက်မှုများကို မျက်ဝါးထင်ထင်မြင်ရ၍ အံ့သြဝမ်းသာဟု LMFA ဥက္ကဋ္ဌပြော appeared first on Popular .