ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မသန်စွမ်းလူမှုအသိုင်းအဝိုင်းအားလုံးကို အနူးအညွတ်တောင်းပန်ခဲ့သည့် မြန်မာနိုင်ငံသဘင်အစည်းအရုံး

Credit to Popular Journal - သဘင်စင်မြင့်အပါအဝင် အခြား သဘင်ဖျော်ဖြေရေးများတွင် မသန်စွမ်းသူများအားထိခို-က်နစ်နာစေသည့် ပြက်လုံးများ၊ တင်ဆက်မှုများကိုဆောင်ရွက်ခဲ့မိသည့် သဘင်အဖွဲ့များအားလုံးကိုယ်စား ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မသန်စွမ်းလူမှုအသိုင်းအဝိုင်းအားလုံးကို မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ယနေ့ မတ် ၁ ရက်က တောင်းပန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ရွှေမင်းသားဖောင်ဒေးရှင်းထံ ဖုန်းဖြင့်ဆက်သွယ်၍ တောင်းပန်စကားပြောကြားခဲ့ပြီး လူကိုယ်တိုင်လာရောက်တွေ့ဆုံ၍ ကျေနပ်သည်အထိ ဝန်ချတောင်းပန်သွားမည်ဖြစ် သည်။ ထို့ပြင် သဘင်ဖျော်ဖြေတင်ဆက်သူအားလုံးကိုလည်း နောင်တွင် တူညီသောအမှားမျိုးများ ထပ်မံမဖြစ်ပွား စေရန် အသိပညာပေးခြင်း၊ သတိပေးခြင်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့အတူ မသန်စွမ်းသူများအပြင် အမျိုးသမီးရေးရာများ၊ ကလေးသူငယ်များနှင့် အခြား လူမှုအသိုင်းအဝိုင်းအား လုံးအတွက် စောင့်ထိန်းလိုက်နာအပ်သည့် ကျင့်ဝတ်များကို သဘင်ဖျော်ဖြေတင်ဆက်သူများအားလုံးမှ ထိန်းသိမ်းစောင့်ရှောက်တင်ဆက်ရန် မြန်မာနိုင်ငံသဘင်အစည်းအရုံးက အလေးအနက်တိုက်တွန်းနှိုးဆော်ခဲ့သည်။ The post ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မသန်စွမ်းလူမှုအသိုင်းအဝိုင်းအားလုံးကို အနူးအညွတ်တောင်းပန်ခဲ့သည့် မြန်မာနိုင်ငံသဘင်အစည်းအရုံး appeared first on Popular .