ရန်ကုန်၊ မတ် ၁ မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲဘော်ဟောင်းကျေးရွာမှနေ၍ ဒါးစမ်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် တချို့ ပျက်စီးခဲ့ပြီး ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “စစ်ခွေး လက်နက်ကြီးနဲ့ ပစ်နေတာ ပေါက်ကွဲသံ ၅ ချက်လောက်ကြားရတယ်။ ပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူများကလည်း ပြေးနေရပြီ စစ်ခွေးတွေ စစ်ကြောင်းထိုးလာရင် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်လို့ ရွာလုံးကျွတ် တိမ်းရှောင်နေရကြတယ်” […] The post အောင်လံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ၊ လွိုင်လင်တွင်လည်း စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိ appeared first on Khit Thit Media .