ရန်ကုန်၊ မတ် ၂ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင်ဦးဆောင်၍ လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ ယခင်က စစ်မှုထမ်းရန် လူစုဆောင်းရာတွင် ပျူစောထီးများကိုသာ အသုံးချ၍ ပေါ်တာဆွဲခိုင်းပြီး အာ ဏာ ပိုင်များက မသိချင်ယောင်ဆောင်ခဲ့သော်လည်း ယခုအခါတွင်မူ တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင် လူမြင်ကွင်းတွင် ဦးဆောင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ “အရင်က ပျူစောထီးတွေနဲ့ပဲ လုပ်တာ။ အခုက သူတို့ကိုယ်တိုင် ဦးဆောင်ပြီး လုပ်လာတာ။ ကျွန်တော်ကိုယ်တိုင် အဖမ်းခံရတာ၊ နောက်မှ ဌာနဆိုင်ရာမှန်း သိလို့ ပြန်လွှတ်ပေးတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဝန်ထမ်းတစ်ဦးက ပြောပြသည်။ ဗိုလ်မှူး လှိုင်မြင့်ကိုယ်တိုင် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် […] The post တောင်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင် ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေပြီး ဖမ်းဆီးရရှိသော လူများ ပိုနေပါက အခြားမြို့များသို့ ပြန်လည်ရောင်းစား appeared first on Khit Thit Media .