By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အီရန်အာဏာရှင်ဘာသာရေးခေါင်းဆောင်ခါမေနီရဲ့ မလှပတဲ့ ဇာတ်သိမ်းဟာ မြန်မာစစ်တပ်က လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းရင်းမြစ်တစ်ခု ဆုံးရှုံးတာတွေထက်ပိုတဲ့အပြင် နေပြည်တော်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်တယ်လို့ နိုင်ငံတကာအရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ -မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့တဲ့အတွက် သေဆုံးသူ ၂၅ ဦးအထိရှိလာပြီဖြစ်ပြီး ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေရသေးတာ ကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ စစ်တပ်ကိုတိုက်ခိုက်နေတဲ့သတင်းတွေကို အချိန်နဲ့တပြေးညီ တုံ့ပြန်ချေဖျက်နိုင်ဖို့ဆိုပြီး စစ်တပ်က ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားတဲ့ပြန်တမ်းအရ […] The post Khit Thit သတင်းဌာန၏ မတ် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် appeared first on Khit Thit Media .