ရန်ကုန်၊ မတ် ၂ အကြမ်းဖက် စစ်တပ်လက်အောက်ခံ တပ်ပြေးနှင့်ရဲပြေးများ များပြားလာပြီးနောက်ပိုင်း နှစ်ချို့ ဝါရင့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်တိုင်းကို အထူးထောက်ပံ့ကြေးပေးမည်ဟု စစ်တပ်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ မတ်လ ၁ ရက်နေ့မှစတင်၍ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များကို ၎င်းတို့၏ အမှုထမ်းသက်အပေါ် မူတည်၍ လစဉ် အထူးထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပေးအပ်ရာတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်အမှုထမ်းသက် ၁၀ နှစ်နှင့်အထက် စစ်သားနှင့်ရဲများကို လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်နှင့်အထက် စစ်သားနှင့်ရဲများကို လစဉ် ၅၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၂၀ နှစ်နှင့်အထက်စစ်သားနှင့်ရဲများကို လစဉ် ၁၀၀,၀၀၀ ကျပ် ပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။ စစ်တပ်က ထိုသို့ ထောက်ပံ့ကြေးပေးခြင်းမှာ […] The post စစ်တပ်အတွင်း တပ်ပြေးနှင့်ရဲပြေးများ များပြားလာပြီးနောက်ပိုင်း နှစ်ချို့ စစ်သားနှင့်ရဲများကို အထူးထောက်ပံ့ကြေး အနည်းဆုံး ၃ သောင်းမှ အများဆုံး ၁ သိန်းအထိ ပေးမည်ဟုဆိုကာ ဆွဲဆောင်ပြန် appeared first on Khit Thit Media .