တနင်္သာရီတိုင်း၊ သရက်ချောင်းတွင် စစ်တပ်နှင့်တိုးသော ဒေသခံ ၇ ဦး သတ်ဖြတ်ခံရ

တိုက်ပွဲများပြင်းထန်နေသည့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒေသခံ ခုနစ်ဦးသည် စုံစင်ဖျားကျေးရွာအနီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးဘေး ရာဘာတောတစ်ခုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။ သေဆုံးသူများသည် စုံစင်ဖျားရွာ ဒေသခံများဖြစ်သော အသက် ၃၅ နှစ်ဝန်းကျင် ဇနီးမောင်နှံ နှစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ကျွဲမင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ဖြစ်ကြသည်။ သတ်ဖြတ်ခံရသူများအနက် စုံစင်ဖျားကျေးရွာ ဒေသခံ သုံးဦးသည် ထားဝယ်မြို့ပေါ်တွင် တိမ်းရှောင်နေရာမှ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်များထိခိုက်မှု ရှိမရှိ ပြန်လာကြည့်ရှုစဉ် စစ်တပ်နှင့်တိုးကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံ သုံးဦးထက်မနည်းက ပြောကြသည်။  “၂၄ ရက်နေ့(ဖေဖော်ဝါရီ)က စုံစင်ဖျားကျေးရွာမှာ ဗုံးကြဲသွားတယ်လေ။ သူတို့ရဲ့ အိမ်တွေ ပျက်စီးသွားတဲ့အခါ ကြတော့ သူတို့က …