Credit to Popular Journal - အငြိမ့်မင်းသမီးကြီး ကောလိပ်မြိုင် ကိုဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်၊ လူမှုထူးချွန် တံဆိပ်ဆုရ အနုပညာရှင်များလည်းပါဝင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ နိုင်ငံတော် တည်ဆောက်ရာတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် စွမ်းစွမ်းတမံဆောင်ရွက်ကြသူများကို ယနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးအပ်လိုက်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ဝဏ္ဏကျော်ထင်ဘွဲ့ကို အငြိမ့်မင်းသမီးကြီး ကောလိပ်မြိုင်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် လူမှုထူးချွန် တံဆိပ် တတိယအဆင့်တွင်လည်း အဆိုပညာရှင် မနော၊ J fire၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ ဇော်ဝင်းနိုင် (မန်း) ၊ ဆင်မ၊ ခင်လှိုင်၊ နေထူးနိုင်တို့လည်း ပါဝင်ကြောင်း သိရသည်။ ထို့အတူ အလင်္ကာကျော်စွာဘွဲ့ကိုလည်း အဆိုပညာရှင် ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ်နှင့် သရုပ်ဆောင် ခန့်စည်သူတို့ကို ပေးအပ်လိုက်ကြောင်းလည်း သိရသည်။ အနုပညာထူးချွန် တံဆိပ် ပထမအဆင့် ၅ ဦးနှင့် ဒုတိယအဆင့် […] The post ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးအပ် appeared first on Popular .