AI နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းရမည်

Credit to Popular Journal - နိုင်ငံတော်မှလည်း ကြိုးပမ်းအားထုတ်ပေးနေဟု နိုင်ငံတော် ယာယီသမ္မတပြော AI နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းရမည်ဖြစ်ကာ နိုင်ငံတော်မှလည်း ကြိုးပမ်းအားထုတ်ပေးနေသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်သို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ယခင်က ရိုးရာနည်းစနစ်များအပေါ်တွင်သာအဓိကအခြေခံခဲ့သော်လည်း ယခုအခါ AI နှင့် Digital Technology များကြောင့် အနာဂတ်တွင်ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းဆောင်ရွက်ရမည်ဟု ပြောသည်။ “တောင်သူကြီးများအနေဖြင့် မျိုးစေ့ချချိန်ကနေ ရိတ်သိမ်းချိန်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ AI အခြေပြု Application တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရင် စမတ်ဖုန်းနဲ့ သီးနှံအရွက်ကိုဓာတ်ပုံရို-က်ရုံနဲ့ ကျရောက်နေတဲ့ […] The post AI နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းရမည် appeared first on Popular .