အမြင့်မြို့ဟောင်း သောတာပန်ရွာရှိ အဘထီးဖြူဆောင်းနတ်ပွဲနတ်တက်နတ်ဆက်သူများဖြင့်စည်ကား

Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်း၊ သောတာပန်ရွာရှိ အဘထီးဖြူဆောင်းနတ်ပွဲကို တပေါင်းလပြည့်နေ့တိုင်း ကျင်းပမြဲဖြစ်ရာ ယခုနှစ် တပေါင်းလပြည့်၊ မတ်လ (၂) ရက် နံနက်ပိုင်းတွင် နတ်တက်နတ်ဆက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဘထီးဖြူဆောင်း နတ်ပွဲမကျင်းပဖြစ်သည်မှာ ၂၀၂၀ ခုနှစ်မှ စတင်မကျင်းပဖြစ်ခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။ အဘထီးဖြူဆောင်းနတ်ပွဲသည် ယခင်ကကြက်ပျံမကျစည်ကားလှသော်လည်း ယခုနှစ်တွင် နတ်ပွဲငယ်လေးအဖြစ်သာရိုးရာမပျက်ကျင်းပခြင်းဖြစ်ပြီး ယခုလိုကျင်းပနိုင်မှုအပေါ် ဒေသခံများနှင့် အဝေးရောက်အမြင့်နယ်သူနယ်သားများအနေဖြင့် ဝမ်းသာလျက်ရှိကြကြောင်းကြား သိရသည်။ အဘထီးဖြူဆောင်းနတ်သည် ရဟန်းတပိုင်းနတ်တပိုင်းနှင့် ကွမ်းဆော်ကြောင်ဖြူမင်း၊ အနော်ရထာမင်းကြီး၏ ဖခမည်းတော်မှ နတ်ရဟန်းဖြစ်သည်ဟု နတ်သမိုင်းတွင်တွေ့ရပြီး ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း (၃၂၆-၃၄၈) ဖြစ်ဟု သိရသည်။ ကြည်းစိုးနှင့် စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် […] The post အမြင့်မြို့ဟောင်း သောတာပန်ရွာရှိ အဘထီးဖြူဆောင်းနတ်ပွဲနတ်တက်နတ်ဆက်သူများဖြင့်စည်ကား appeared first on Popular .