ရန်ကုန်၊ မတ် ၂ စစ်အာဏာရှင်တော်လှန်ရေးတွင် ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်စဉ် NUG ယာယီ သမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးမှာ ၅ နှစ်တာကာလအတွင်း ရောက်ရှိလာပြီဖြစ်ကြောင်း၊ တော်လှန်ရေး ဘက်တော် သားများအတွက် အကန့် အသတ်များ တဖြည်းဖြည်း ကြီးမားလာနေကြောင်း၊ ထို့ကြောင့် လူထုကို ဝန်ပိစေသည့် ကိစ္စရပ်များကို သတိထားရမည်ဖြစ် ကြောင်း၊ ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိထားရမည်ဖြစ်ကြောင်း သူက သတိ ပေးပြောဆိုသည်။ “လက်ရှိ […] The post ပြည်သူလူထု ယုံကြည်မှု ပျက်ယွင်းလျှင် တော်လှန်ရေး ဆက်လုပ်၍ မရသည်ကို သတိပြုကြရန် NUG ယာယီသမ္မတ သတိပေး appeared first on Khit Thit Media .