ထားဝယ် GTC ရှေ့တွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ် – GTC ရှေ့တွင် ဆက်ကြေးကောက်နေသာ စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ် (GTC) အရှေ့တွင် ခရီးသွားပြည်သူများထံမှ အတင်းအမ္မ ငွေကြေး ကောက်ခံနေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ထို တိုက်ခိုက်မှုအတွင်း စစ်သား ၃ […] The post ထားဝယ် GTC ရှေ့တွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ appeared first on Khit Thit Media .