ရန်ကုန်၊ မတ် ၂ ပြည်သူကို ရန်သူသတ်မှတ်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော အကြမ်းဖက် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ လူထုနွေဦးတော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO/PNLA တို့က ကြေညာချက်တစ်စောင် ပူးတွဲ ထုတ်ပြန်လိုက်သည်။ ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့၌ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO/PNLA တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ်ပေါ်ထွန်းရေး ရည်မှန်းချက်ကို မြဲမြံစွာဆုပ်ကိုင်ပြီး ပအိုဝ်းအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုကို ရန်သူသတ်မှတ် အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်နေ သော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို […] The post ပြည်သူကို ရန်သူသတ်မှတ်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ လူထုနွေဦး တော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု PNFC နှင့် PNLO/PNLA တို့ ပူးတွဲကြေညာ appeared first on Khit Thit Media .