ရန်ကုန်၊ မတ် ၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ထိပ်ပိုင်းအဖွဲ့ဝင်တချို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးတချို့ လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။ ရမည်းသင်းအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်၊ NLD အစိုးရ အဖွဲ့ ရုံး ဝန်ကြီး ဦးမင်းသူတို့မှာ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည် လွတ်မြောက်လာသည်။ အလားတူ NLD ပါတီမှ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးတာမှာလည်း ယနေ့တွင် ပြန်လည် လွတ်မြောက်လာပြီး ရန်ကုန်တိုင်း ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်နှင့် ဦးဟံထွန်းတို့ပါ အင်စိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ကနဦး ကောက်ခံထားသော အချက် အလက်များအရ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၈၉၅ […] The post NLD ထိပ်ပိုင်းအဖွဲ့ဝင်တချို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးတချို့ လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ ပြန်လည် လွတ်မြောက်လာ appeared first on Khit Thit Media .