အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်ဟုဆိုကာ ဆီမရောင်းတော့၊ ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေ ၁ ကျပ်သား ၁၁၃ သိန်းဖြင့် စံချိန်တင် စျေးတက်ပြီး စျေးကွက်ရပ်ဆိုင်းနေ

ရန်ကုန်၊ မတ် ၂ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်တို့၏ စစ်ပွဲများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစျေးကွက်သို့ပါ ရိုက်ခတ်မှုများရှိလာနေပြီး စက်သုံးဆီ အရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်သည်ဟုဆိုကာ ဆီမရောင်းချမှုများ ကြုံတွေ့နေရကြောင်း ရန်ကုန်နှင့်မန္တလေးမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး စတင်ခဲ့သော အီရန် ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေစျေးနှင့် ရေနံစျေးနှုန်းများ မြင့်တက်လာသည့်နည်းတူ မြန်မာနိုင်ငံအတွင်းလည်း ရိုက်ခတ်မှုများရှိလာကြောင်း၊ လတ် တလော စစ်တပ်၏ ထိန်းချုပ်မှုများကြောင့် ပြည်တွင်း စက်သုံးဆီ စျေးနှုန်းမတက်သော်လည်း ရေရှည်တွင် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများမြင့်တက်ခြင်း၊ ရေနံစိမ်းထုတ်လုပ် သယ်ယူမှုများ နှောင့်နှေးခြင်းတို့ကြောင့် စျေးနှုန်း မြင့်တက်လာမည်မှာ သေချာကြောင်း၊ ထို့ကြောင့် ရန်ကုန်နှင့်မန္တလေးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီကို ထိန်း၍ ရောင်းချလာကြောင်း သိရှိရသည်။ “မနေ့က ညပိုင်း […] The post အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်လပ်ဟုဆိုကာ ဆီမရောင်းတော့၊ ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေ ၁ ကျပ်သား ၁၁၃ သိန်းဖြင့် စံချိန်တင် စျေးတက်ပြီး စျေးကွက်ရပ်ဆိုင်းနေ appeared first on Khit Thit Media .