ရန်ကုန်၊ မတ် ၂ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့်လည်း ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ် အတွင်းရှိ နွယ်အင်းရွာနှင့် ချင်ပျစ်ရွာ ဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ မတ်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် […] The post ပုလဲတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့်လည်း ဆက်လက် ဗုံးကျဲ တိုက်ခိုက်နေ appeared first on Khit Thit Media .