နွေရာသီကာလ၌ မိုးတိမ်တောင်များရွှေ့လျားရာတစ်လျှောက်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်

Credit to Popular Journal - နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများ၌ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်ရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ အဆိုပါ  မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ The post နွေရာသီကာလ၌ မိုးတိမ်တောင်များရွှေ့လျားရာတစ်လျှောက်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင် appeared first on Popular .