Credit to Popular Journal - ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအား ယနေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပခဲ့သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသည့် ၂၀၂၆ ခုနှစ်၊ သာသ နာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်အပူဇော်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူခဲ့ကြသည်။ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ကြည် ညိုပြီး သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သန်လျင်မင်းကျောင်းဆရာတော်ကြီးအား နိုင်ငံတော်ယာ ယီသမ္မတမှ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာဂန္ဓာရုံကျောင်း တိုက်ဆရာတော်ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အ ယောင်များ၊ […] The post ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သန်လျင်မင်းကျောင်းဆရာတော်ကြီးကို နိုင်ငံတော် ယာယီသမ္မတမှ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များဆက်ကပ် appeared first on Popular .