Credit to Popular Journal - ထိုင်းနိုင်ငံတွင်ကျင်းပမည့် AFF Futsal Championship 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု(က) တွင်ကျရောက်ခဲ့ရာ ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမော အသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲ၏ အုပ်စုမဲခွဲမှုကို မတ် ၁ ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး အုပ်စု(က)တွင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမော၊ အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့ပါ ဝင်ခဲ့သည်။ ပြိုင်ပွဲအား ဧပြီ ၅ ရက်မှ ဧပြီ ၁၁ ရက် အထိကျင်းပသွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် မတ် ၁၃ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်သည်။ The post မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း AFF Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(က)တွင်ကျရောက် appeared first on Popular .