ဂျေရုဆလင်ဒုံးကျည်တိုက်ခိုက်မှုအပြီး ဝန်ကြီးချုပ်၏ ကံကြမ္မာ မရေမရာဖြစ်နေသည်ဟူသော အီရန်စစ်တပ်၏ ပြောကြားချက်ကို နေတန်ရာဟုရုံးခန်းက ငြင်းဆို

Credit to Popular Journal - ဂျေရုဆလင်မြို့ကို ပစ်မှတ်ထားသည့် ဒုံးကျည်တိုက်ခိုက်မှုအပြီးတွင် ဝန်ကြီးချုပ်၏ ကံကြမ္မာမှာ မရေမရာဖြစ်နေသည်ဟူသော အီရန်၏ ပြောကြားချက်ကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၏ ရုံးခန်းက “သတင်းအမှား” (Fake news) အဖြစ် ငြင်းဆိုလိုက်သည်။ (နေတန်ရာဟုသည် နောက်ပိုင်းတွင် လူသေဆုံးမှုရှိခဲ့သည့် Beit Shemesh ဒုံးကျည်ကျရောက်ရာနေရာသို့ သွားရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။) အီရန်၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာနက ထုတ်လွှင့်သည့် ဗီဒီယိုထုတ်ပြန်ချက်တွင် အီရန်၏ Khaibar ဒုံးကျည်များသည် နေတန်ရာဟု၏ ရုံးခန်းနှင့် လေတပ်ဦးစီးချုပ် Tomer Bar ၏ နေအိမ်တို့ကို အလစ်အငိုက်တိုက်ခိုက်မှုအတွင်း အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဂျေရုဆလင် မြို့တော်အတွင်း လေကြောင်းရန်သတိပေး အချက်ပေးသံများ ထွက်ပေါ်ခဲ့သော်လည်း ဒုံးကျည်ထိမှန်မှုတစ်စုံတစ်ရာ ရှိကြောင်း သတင်းများ […] The post ဂျေရုဆလင်ဒုံးကျည်တိုက်ခိုက်မှုအပြီး ဝန်ကြီးချုပ်၏ ကံကြမ္မာ မရေမရာဖြစ်နေသည်ဟူသော အီရန်စစ်တပ်၏ ပြောကြားချက်ကို နေတန်ရာဟုရုံးခန်းက ငြင်းဆို appeared first on Popular .