Credit to Popular Journal - ယခင်အစိုးရလက်ထက်က အစိုးရယန္တာရားတွင် တာဝန်ယူ ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမင်းသူ အပါအဝင် ဒေါ်တာမျိုးအောင်၊ဒေါ်မိုးမိုးစုကြည်တို့ ယနေ့ လွတ်ငြိမ်းဖြင့် ပြန်လည်လွ တ် မြောက်လာကြောင်း သိရသည်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာခြင်း ဖြစ်သည်။ ထို့အတူ ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်(CEC)ဖြစ်သူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ မန္တလေး တိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်လာသည်ဟုသိရသည်။ The post ဦးမင်းသူ၊ ဒေါ်တာမျိုးအောင်၊ဒေါ်မိုးမိုးစုကြည်တို့ ပြန်လွတ်လာ appeared first on Popular .