ဗဟန်း(၃)လမ်းထိပ်နှင့် ဘုရင့်နောင်ပွဲရုံတို့အတွင်း နာရီပိုင်းသာခြားပြီး ကား(၂)စီးမီးလေ-ာင်

Credit to Popular Journal - ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ယနေ့ မတ် ၂ ရက်က နာရီပိုင်းသာခြား၍ YBS ၁၁၆ နှင့် ကုန်တင်ကားတို့မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဗဟန်းမြို့နယ်၊ ဗဟန်း(၃)လမ်းထိပ်တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က YBS ၁၁၆ မီးလေ-ာင်မှုဖြစ်ပွား၍ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၈ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၃၃ မိနစ်ခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ထွန်းရွှေဝါလမ်းရှိ ဘုရင့်နောင်ပွဲ ရုံဝင်းအတွင်း၌ ကုန်တင်ကား(၁)စီးမီးလေ-ာင်မှုဖြစ်ပွား ၍ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ The post ဗဟန်း(၃)လမ်းထိပ်နှင့် ဘုရင့်နောင်ပွဲရုံတို့အတွင်း နာရီပိုင်းသာခြားပြီး ကား(၂)စီးမီးလေ-ာင် appeared first on Popular .