အကြမ်းဖက်ပုဒ်မတွေနဲ့ လွှတ်ပေးသူ ၇ ထောင်ကျော်ထဲက ၂၅၀ ခန့်ရဲ့စာရင်းကိုသာ ရရှိထားသေးတယ်လို့ AAPP ပြော

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ ၅၂ (က) တွေနဲ့ အကျဥ်းချခံထားရသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းပေးတယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပေမဲ့ ညနေပိုင်းအထိ ၂၄၆ ဦးရဲ့စာရင်းကိုသာ အတည်ပြုထားနိုင်သေးတဲ့သတင်းအပါအဝင် မတ် ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။