Credit to Popular Journal - ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ အမေရိကန်သံရုံးအား ဒရုန်းနှစ်စင်းဖြင့် တို-က်ခို-က်ခံခဲ့ရပြီး မီးလေ-ာင်မှုအနည်းငယ်နှင့် အဆောက်အအုံပိုင်းဆိုင်ရာ ပျ-က်စီးမှုအချို့ ရှိခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ ကနဦးသုံးသပ်ချက်ကို ကိုးကား၍ အင်္ဂါနေ့တွင် X လူမှုကွန်ရက်၌ ပို့စ်တင်ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် စနေနေ့က အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တို-က်ခို-က်မှုများအပြီးတွင် အမေရိကန်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့နိုင်ငံများအပေါ် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် ဆက်တိုက်တို-က်ခို-က်နေမှုများအတွင်း ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ရီယာ့ဒ်ရှိ အမေရိကန်သံရုံး၌ ကျယ်လောင်သော ပေါ-က်ကွဲသံတစ်ခု ကြားခဲ့ရပြီး မီးတောက်များကိုလည်း မြင်တွေ့ခဲ့ရကြောင်း၊ မီးလေ-ာင်မှုမှာ အနည်းငယ်သာဖြစ်ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူ သုံးဦးက ပြောကြားခဲ့သည်။ နိုင်ငံခြားသံရုံးများရှိရာ ရီယာ့ဒ်မြို့၏ သံတမန်ရပ်ကွက် အထက်တွင် မီးခိုးအမည်းရောင်များ တက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ သံရုံးက ရီယာ့ဒ်၊ […] The post ရီယာ့ဒ်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာန ပြောကြား appeared first on Popular .