ယမန်နေ့ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ဖြင့် ဧရာဝတီတိုင်းအတွင်းမှ အကျဉ်းသား/အကျဥ်းသူ (၆၀၀) ကျော် လွတ်

Credit to Popular Journal - မတ်လ(၂) ရက် လွတ်ငြိမ်းချမ်းသာဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်ထောင်၊ မြောင်းမြထောင်၊ ဟင်္သာတထောင်၊ မအူပင်ထောင်၊ ဖျာပုံထောင်၊ ကစကဲစခန်းနှင့် ဆားမလောက်တို့မှ အကျဥ်းသား၊ အကျဥ်းသူ (၆၁၀)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ပုသိမ်ထောင်မှ (၁၆၉)ဦး၊ မြောင်းမြထောင်မှ (၁၄၃)ဦး၊ ဟင်္သာတထောင်မှ (၁၁၅)ဦး၊ မအူပင်ထောင်မှ (၁၀၈) ဦး၊ ဖျာပုံထောင်မှ (၄၀)ဦး၊ ကစကဲစခန်းနှင့် ဆားမလောက်စခန်းတို့မှ (၃၅) ဦး တို့ အသီးသီးလွတ်မြောက်ခဲ့ကြသည်။ ၎င်းတို့အနက်မှ အပြစ်ဒ-ဏ်တစ်ဝက်ကျခံပြီး တစ်နှစ်အောက် ကျန်သောအကျဥ်းသား၊ အကျဥ်းသူ (၃၂၁)ဦး လွတ် မြောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်၅၀(ည)ဖြင့် အပြစ်ဒ-ဏ်ကျခံနေရသူအကျဥ်းသား၊ အကျဥ်းသူ (၉၁)ဦးနှင့် အကြမ်းဖက် ၅၂(က)/(ခ) ဖြင့်ကျခံနေရသောအကျဥ်းသား၊ အကျဥ်းသူ (၁၉၈) တို့လွတ်မြောက်ခဲ့ကြောင်း သိရသည်။ The post ယမန်နေ့ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ဖြင့် ဧရာဝတီတိုင်းအတွင်းမှ အကျဉ်းသား/အကျဥ်းသူ (၆၀၀) ကျော် လွတ် appeared first on Popular .