Credit to Popular Journal - မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလိဂ် (MSL) ပြိုင်ပွဲတွင် အမျိုးသား/သမီး ကလပ်အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထားသည်။ အမျိုးသားအသင်း (၁၀) သင်းမှာ ဆန်းညွန့်ကလပ် (မန္တ လေး)၊ USL (တောင်ငူ၊ ပဲခူး) ၊ မွန်ပြည်နယ်အသင်း၊ Youth Camp (နေပြည်တော်)၊ ဧရာဝတီအသင်း၊ ဒွေးမယ်နော်(ရန်ကုန်)၊ CK ကလပ် (လှည်းကူး)၊ ဘုရင့်နောင်ကလပ် (ဒလ) ၊ရွှေကျွန်းသားကလပ် (သာကေတ)၊ YRG ကလပ်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အလားတူ အမျိုးသမီးအသင်း (၆) သင်းမှာ မွန်ပြည်နယ်အသင်း၊ YRG (ရန်ကုန်) ၊ ဧရာဝတီအသင်း၊ Youth Camp (နေပြည်တော်)၊ Gusto (ရန်ကုန်)၊ A Dark Horse အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ […] The post မြန်မာနိုင်ငံပိုက်ကျော်ခြင်းလိဂ် (MSL) ပြိုင်ပွဲတွင် အမျိုးသား/သမီး ကလပ်အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်မည် appeared first on Popular .