Credit to Popular Journal - ယနေ့ မတ်လ ၃ ရက်တွင် မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းအနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ ပိုစတာပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာအာကာသအေဂျင်စီအမှုဆောင် အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာအာကာသအေဂျင်စီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အကဲဖြတ်ဒိုင်ချုပ်များနှင့်တကွ အဖွဲ့ဝင်များ၊ ဆုရရှိသည့်ကျောင်းသား/သူများ၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မိဘများ တက်ရောက်ခဲ့ပါတယ်။ ရှေးဦးစွာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြား၍ မြန်မာအာကာသအေဂျင်စီအမှုဆောင် အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်မှလည်း အမှာစကားပြောကြားကာ၊ အကဲဖြတ်ဒိုင်ချုပ်ကိုယ်စားလှယ်တစ်ဦးမှ ဆုရွေးချယ်ခြင်းနှင့်ပတ်သက်သည်များအား […] The post အခြေခံပညာအဆင့် ကျောင်းသား/သူ ၆၀၀၀ ပါဝင်ယှဉ်ပြိုင်သည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် (၁၁၇) ဦး ဆုရရှိ appeared first on Popular .