Credit to Popular Journal - မျိုးဆက်သစ်လူငယ်များ အာကာသဆိုင်ရာသိပ္ပံပညာရပ်များကိုလက်တွေ့ကျကျလေ့လာခွင့်ရပြီး စိတ်ကူးအိပ်မက်များအားပုံဖော်ပြသခွင့်ရပြီဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသူ/ နိုင်ငံသားများ အာကာသဆိုင်ရာပညာ ရပ်များကို လေ့လာဆည်းပူးနိုင်ရန် အာကာသပြတိုက် (ရန်ကုန်)ကြီးကိုဖွင့်လှစ်ပြီး အာကာသဆိုင်ရာနည်းပ ညာများအတွက် မျိုးစေ့ချပေးခဲ့ပြီးဖြစ်၍ မျိုးဆက်သစ်လူငယ်များအနေဖြင့် အာကာသဆိုင်ရာသိပ္ပံပညာရပ်များကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့ကာ မိမိတို့ စိတ်ကူးအိပ်မက်များကိုလည်း ပုံဖော်ပြသခွင့်ရခဲ့ပြီဟု ပြောသည်။ ” အာကာသပြတိုက်(ရန်ကုန်)ကို စတင်ဖွင့်လှစ်ခဲ့တဲ့ရက်ကစပြီး ဒီနေ့အချိန်အထိ အချိန်တိုကာလအတွင်းမှာ လူ ဦးရေ(၁၄၀,၀၀၀)ခန့်အထိလာရောက်လေ့လာခဲ့ပြီး ပြ တိုက်ကိုနိုင်ငံတကာအဆင့်မှီ အရှေ့တောင်အာရှရဲ့ ထိပ်တန်းအာကာသပြတိုက်တစ်ခုအဖြစ် တိုးချဲ့ပြသနိုင်ဖို့အတွက်အဆင့်မြှင့်တင်တာတွေဆောင်ရွက်သွား မှာပါ”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြော သည်။ ထို့ပြင် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိကျင်းပခဲ့ရာ အခြေခံပညာမူလတန်းအဆင့်အတွက် “အာကာသသူရဲကောင်း”ခေါင်းစဉ်ဖြင့် […] The post မျိုးဆက်သစ်လူငယ်များ အာကာသဆိုင်ရာသိပ္ပံပညာရပ်များကိုလက်တွေ့ကျကျလေ့လာခွင့်ရပြီး စိတ်ကူးအိပ်မက်များအားပုံဖော်ပြသခွင့်ရပြီဖြစ် appeared first on Popular .