Credit to Popular Journal - ရန်ကုန်တိုင်း၊ လှည်းကူးမြို့မစျေး၊ ဟံသာဝတီအခွန်လွတ်စျေးနှင့် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ ဘုရင့်နောင်စျေးတို့တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ ယနေ့ မတ် ၃ ရက်က စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မဈေး၌ မီးဘေးလုံခြုံ ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်/မြို့နယ်မီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း၍ ဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ထားမှု၊ ဈေးဆိုင်ခန်းများတွင်သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်းတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည်နေမှု ရှိ/မရှိ၊ မီးသတ်ရေငုတ်များ၏ ရေထွက်မှုတို့ကိုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းများပူးပေါင်း၍ ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ ဟံသာဝတီအခွန်လွတ်စျေး မီးဘေးလုံခြုံရေးနှင့် ကြို တင်ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့်အပြင်ရှိ […] The post စျေးများအတွင်းမီးဘေးလုံခြုံရေးစစ်ဆေး၊ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြသ appeared first on Popular .