ရန်ကုန်၊ မတ် ၃ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ်ရွာနှင့် ကူကြီးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ “ဝက်လက် အရှေ့ခြမ်းကို စစ်ကြောင်းထိုးပြီး ရောက်နေတဲ့ စစ်ခွေးတွေက သစ်ဆိပ်ရွာနဲ့ ကူကြီးရွာက နေအိမ်တွေကို မီးရှို့တာ နေအိမ်ဘယ်လောက် မီးလောင်ပြာကျတယ်ဆိုတာတော့ မသိသေးဘူး။ […] The post ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စစ်ကိုင်းမြို့ ပတ်ပတ်လည်ကိုလည်း စစ်တပ်က စစ်ကြောင်းထိုးပြီး တပ်ဖြန့်ထား၍ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရ appeared first on Khit Thit Media .