အောင်လံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကျေးရွာ ၆ ခုမှ ပြည်သူ ၃၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ‌မတ် ၃ မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၆ ခုမှ ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ အောင်လံမြို့နယ်၊ မှန်ပြတောင်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၇ တပ်က လက်နက်ကြီး ၂၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒါးစမ်းကျေးရွာအတွင်းသို့ ကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ၁ ခုအပါအဝင် နေအိမ် ၂၈ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ […] The post အောင်လံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကျေးရွာ ၆ ခုမှ ပြည်သူ ၃၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရ appeared first on Khit Thit Media .