ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာဘက်ရှိ ကျားဖြန့်ဝင်းများကို ဓာတ်ပုံရိုက်ယူနေသည့်ပုံကိုပါ FBI က တစ်ပါတည်း ထုတ်ပြန်

ရန်ကုန်၊ မတ် ၃ အရှေ့တောင်အာရှတစ်ခွင်တွင် အမြစ်တွယ်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များကို အမြစ်ပြတ်ချေမှုန်းရန် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အမေရိကန် FBI ၏ သတင်းထုတ်ပြန်ချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန် FBI က လူမှုကွန်ရက် X (Twitter) တို့မှတစ်ဆင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်နေမှုကို​ယနေ့ သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ကျားဖြန့်ဝင်း (Scam Compounds) များကို ထိုင်းဘက်အခြမ်းမှ ဓာတ်ပုံရိုက်ယူထားသည့် ပုံရိပ်များကိုပါ တစ်ပါတည်း ထုတ်ပြန်ထားသည်။ ဘန်ကောက်မြို့အခြေစိုက် အမေရိကန် FBI ၏ တရားဝင်ကိုယ်စားလှယ်ရုံး (Legat Bangkok) က ထိုင်းနိုင်ငံရဲတပ်ဖွဲ့အပြင် ဒေသတွင်းရှိ အခြားသော မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲကာ […] The post ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် FBI နှင့် ထိုင်းရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာဘက်ရှိ ကျားဖြန့်ဝင်းများကို ဓာတ်ပုံရိုက်ယူနေသည့်ပုံကိုပါ FBI က တစ်ပါတည်း ထုတ်ပြန် appeared first on Khit Thit Media .