တာချီလိတ်တွင် Online လိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၂၉၇)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၃၉၃)ဦးဖမ်းမိ

Credit to Popular Journal - ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင် (၂) ရပ်ကွက်၊ မယ်ခေါင်(၂)လမ်းရှိ “အပြည်ပြည်ဆိုင် ရာ”ဟိုတယ်အတွင်းမှ တရားမဝင် Online လိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံ သား(၂၉၇)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၃၉၃)ဦးကို ယနေ့ မတ် ၃ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ယင်း ဟိုတယ်အတွင်းမှ တရုတ်နိုင်ငံသား အမျိုး သား/အမျိုးသမီး(၂၉၇)ဦး၊ မလေးရှားနိုင်ငံသား အမျိုး သား/အမျိုးသမီး(၃၈)ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုး သား/အမျိုးသမီး(၅၇)ဦး၊ ဖိလစ်ပိုင်နိုင်ငံသူ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ ကွန်ပျူတာ(၁၇၄)လုံး၊ CPU (၇၀)လုံး၊ StarLink (၉)လုံး၊ ဖုန်းမျိုးစုံ(၂၃၃)လုံးနှင့် ဆက်စပ်ပ စ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန် လည်လွှဲပြောင်းပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် […] The post တာချီလိတ်တွင် Online လိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၂၉၇)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၃၉၃)ဦးဖမ်းမိ appeared first on Popular .