Credit to Popular Journal - မြန်မာ-ရုရှား နှစ်နိုင်ငံကြား ငွေပေးချေမှုလွယ်ကူချောမွေ့စေရေးဆွေးနွေး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝါဝါမောင်နှင့် ရုရှားနိုင်ငံ “Sberbank”၏ အိန္ဒိယဘဏ်ခွဲမှ ဒု-မန်နေဂျင်းဒါရို-က်တာ မစ္စတာ အန်ဒရီအာနီစီမော့စ်တို့ မတ် ၃ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေပေးချေမှုလွယ်ကူချောမွေ့စေရေး၊ နှစ်နိုင်ငံကြား ငွေကြေးလွှဲပြောင်းမှုနည်းလမ်းများနှင့် ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာများကိုဆွေးနွေးခဲ့ကြသည်။ The post ပြည်ထောင်စုဝန်ကြီးဒေါက်တာဝါဝါမောင်နှင့် ရုရှားနိုင်ငံ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒု-မန်နေဂျင်းဒါရို-က်တာတို့တွေ့ဆုံ appeared first on Popular .