Credit to Popular Journal - လာမည့် မတ်လ ၆ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် လက်ရှိအပူချိန်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။ မတ်လ ၆ ရက်နောက်ပိုင်းတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း စသည့် ဒေသများတွင် နေ့ဘက်သာမက ညဘက်အပူချိန်ပါ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက ခန့်မှန်းထားသည်။ အထူးသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ဒေသများတွင် မတ်လ ၈ ရက်မှ ၁၁ ရက်အတွင်း နေ့ညလုံး အပူချိန်မြင့်တက်ကာ ခံစားရသည့် အပူအအေးညွှန်းကိန်း (Apparent Temperature) လည်း ပိုမိုမြင့်လာနိုင်ကြောင်း ၎င်းက […] The post မတ် ၆ ရက်မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် နေ့ရော ညပါ အပူချိန်မြင့်တက်နိုင် appeared first on Popular .