ထိုင်းနိုင်ငံတွင် စက်ရုံကြိုပို့ယာဉ် တိမ်းမှော-က်မှုကြောင့်ဆေးရုံတက်ကုသနေသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိရုံး တာဝန်ရှိသူများသွားရောက်အားပေး

Credit to Popular Journal - ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ သီရိရာချာမြို့နယ်အတွင်း စက်ရုံကြိုပို့ယာဉ်တစ်စီး တိမ်းမှေ-ာက်မှုကြောင့် ဆေးရုံတက်ကုသနေသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိရုံး တာဝန်ရှိသူများ သွားရောက်အားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၈) ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြန်မာအလုပ်သမားများ ထိခိုက်ဒ-ဏ်ရာရခဲ့သည်ဟုသိရသော်လည်း အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ အလုပ်သမားသံအရာရှိရုံး အနေဖြင့် မြန်မာလုပ်သားများ ဆေးကုသမှု တက်ရောက်ခံယူနေသည့် Sriracha District Hospital သို့ သွားရောက်ခဲ့ပြီး လူနာအခြေအနေများ မေးမြန်းခြင်း၊ အလုပ်ရှင်မှ ဆောင်ရွက်ပေးမှုအခြေအနေများမေးမြန်းခြင်းနှင့် အခက်အခဲတစုံတရာရှိပါက အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်နိုင်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး အဟာရဓါတ်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ The post ထိုင်းနိုင်ငံတွင် စက်ရုံကြိုပို့ယာဉ် တိမ်းမှော-က်မှုကြောင့်ဆေးရုံတက်ကုသနေသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိရုံး တာဝန်ရှိသူများသွားရောက်အားပေး appeared first on Popular .