Credit to Popular Journal - နန်းယွန်းမြို့တွင်မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်တွင် မတ်လ(၃)ရက် ၊ နံနက် (၉)နာရီက မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ နန်းယွန်းမြို့နယ်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးစေရန်အတွက် နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။ နန်းယွန်းမြို့နယ်ရှိ မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျ က်ဝမ်းလျှောဖြစ်စေတတ်သော ရိုတ(Rota) ကာကွယ်ဆေးတိုက်ကျွေးသည်။ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို လစဉ်ရက်အကန့်အသတ်ဖြင့် […] The post နန်းယွန်းမြို့တွင်မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး appeared first on Popular .