Credit to Popular Journal - ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးနှင့် စားသုံးသူများအတွက် လွယ်ကူစွာ ဝယ်ယူနိုင်စေရေး ရည်ရွယ်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းကာ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များ တင်ပို့ရောင်းချလျက်ရှိကြောင်း မတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းအစီအစဉ်အရ မတ်လအတွင်း ဆန်အမျိုးအစား (၅) မျိုးကို သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့် ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) တစ်အိတ်လျှင် ၁၄၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) တစ်အိတ်လျှင် ၁၁၂,၀၀၀ ကျပ်၊ ရက် (၉၀) တစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်နှင့် ဧည့်မထ (၁၅ မှတ်) တစ်အိတ်လျှင် ၅၆,၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။ […] The post မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည် appeared first on Popular .