လွှတ်တော်ကိုယ်စားလှယ်များအတွက် လိုအပ်သောကုသရေးလုပ်ငန်းများအတွက် ပြည့်စုံအောင်စီစဉ်ဆောင်ရွက်ပေးထားရန်လို

Credit to Popular Journal - နေပြည်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ ပြင်ပလူနာအဖြစ် လာရောက်ပြသနိုင်ရေး၊ အတွင်းလူနာအဖြစ် တက်ရောက်ရန်လိုအပ်ပါက တက်ရောက်နိုင်ရေးတို့အတွက် သင့်လျော်သော လူနာခန်းများ ပြင်ဆင်ထားရှိခြင်း၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းတို့အပါအဝင် လိုအပ်သောကုသရေးလုပ်ငန်းများအတွက် ပြည့်စုံအောင်စီစဉ်ဆောင်ရွက်ပေးထားရန်လိုကြောင်း ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ပြောသည်။ ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးကော်မတီညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာတွင် ကျန်းမာရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းစီအတွက် လစ်ဟင်းမှုမရှိစေရေးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များ၊ ဦးစီးဌာနများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လည်း ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ တာဝန်ချထားမည့် ဆေးအဖွဲ့များအနေဖြင့် အရေးပေါ်ကျန်းမာရေးအခြေအနေတွင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောမွမ်းမံသင်တန်းများ ဆောင်ရွက်ပေးကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအမျိုးအစားစုံလင်အောင် စုဆောင်းပြင်ဆင်ထားကြရန်လည်း […] The post လွှတ်တော်ကိုယ်စားလှယ်များအတွက် လိုအပ်သောကုသရေးလုပ်ငန်းများအတွက် ပြည့်စုံအောင်စီစဉ်ဆောင်ရွက်ပေးထားရန်လို appeared first on Popular .