Credit to Popular Journal - အီရန်စစ်ပွဲ စတင်ပြီး သုံးရက်အကြာမှာပင် နှစ်ဖက်အထိအခိုက်များသော အားပြိုင်စစ်ပွဲ (Attritional war) ဖြစ်လာခဲ့သည်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ လှိုင်းလုံးသဖွယ် ဒရုန်းတိုက်ခိုက်မှုများသည် ဘာရိန်းမှသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အထိရှိသော အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးစနစ်များကို ဖိအားပေးနေပြီး လက်နက်သိုလှောင်မှုများကို လျော့ပါးစေလျက်ရှိသည်။ ဤတိုက်ပွဲ၏ ရလဒ်သည် မည်သည့်ဘက်က ခဲယမ်းမီးကျောက် အရင်ကုန်ဆုံးမည်နည်းဆိုသည့်အချက်ပေါ်တွင် မူတည်နေနိုင်ပါသည်။ အသေးစားနှင့် အခြေခံအဆင့် ခရုစ်ဒုံးကျည်(Cruise missile) အမျိုးအစားဖြစ်သော ရှာဟတ်-၁၃၆(Shahed-136) တစ်ကျော့ပြန်တိုက်ခိုက်ရေးဒရုန်းများသည် တနင်္လာနေ့တွင် အရှေ့အလယ်ပိုင်းတစ်လွှားရှိ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ စနေနေ့တွင် စတင်ခဲ့သော အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ (ခရုစ်ဒုံးကျည်များ၊ ဒရုန်းများနှင့် တိကျသေချာသော လမ်းညွှန်ဗုံးများဖြင့် ပစ်ခတ်မှု) နောက်ပိုင်းတွင် အဆိုပါဒရုန်းများသည် အမေရိကန်အခြေစိုက်စခန်းများ၊ ရေနံအခြေခံအဆောက်အအုံများနှင့် အရပ်ဘက်အဆောက်အအုံများကို ထိမှန်ခဲ့သည်။ […] The post အီရန်၏ ဒုံးကျည်တွက်ချက်မှု – ဒေါ်လာ ၂၀,၀၀၀ တန် ဒရုန်းများကို ဒေါ်လာ ၄ သန်းတန် ပက်ထရီးယော့(Patriots) များဖြင့် ပစ်ချနေရ appeared first on Popular .