Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာစျေး မီးဘေးကင်းနိုင်ရန် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ယနေ့တွင် ဆောင်ရွက်ခဲ့သည်။ သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေးသစ်၊ မင်္ဂလာဈေး(ယာယီ)နှင့် ရွှေပြည့်စုံဈေးတို့အား ထိုကဲ့သို့ အသိပညာပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဆောင်ရွက်မှု၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်ဝါယာကြိုးများနှင့်ပစ္စည်းများ၊ စျေးအတွင်းအသင့်ထားရှိသော မီးသတ်ပစ္စည်းများ အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ 191 Report Mobile Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ သတင်းပို့သည့်စနစ်အား ရှင်းပြခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ The post ယာယီမင်္ဂလာစျေး မီးဘေးကင်းနိုင်ရန် ဆောင်ရွက် appeared first on Popular .