Credit to Popular Journal - အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းရှိ သင်္ဘောတင်ပို့များကို အနှောင့်အယှက်ဖြစ်နေခဲ့ချိန်တွင် ရေနံတင်သင်္ဘောတစ်စင်းသည် အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ရေကြောင်းကုန်သွယ်ရေးသတင်းရင်းမြစ်များနှင့် သင်္ဘောခြေရာခံအချက်အလက်များအရ သိရသည်။ တူးမြောင်းဖြတ် Suezmax ရေနံတင်သင်္ဘောဖြစ်သော Pola သည် ရေလက်ကြားကို ချဉ်းကပ်လာချိန်ဖြစ်သော မတ်လ ၂ ရက်နေ့အနှောင်းပိုင်းတွင် သင်္ဘော၏ အေအိုင်အက်စ် ခြေရာခံကိရိယာကို ပိတ်ပစ်ခဲ့ပြီး ယင်းနောက် မတ်လ ၃ ရက်နေ့တွင် အဘူဒါဘီကမ်းလွန်၌ ပြန်ပေါ်လာကြောင်း LSGE အချက်အလက်တွင် ဖော်ပြသည်။ ထိုသင်္ဘောသည် ထိုင်းနိုင်ငံအတွက် အဘူဒါဘီမာဘန်ရေနံစိမ်းတင်ဆောင်ရန် Jebel Dhanna ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကုန်သွယ်သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ သင်္ဘောကို စီမံခန့်ခွဲသော Dynacom Tankers ကို ရုံးချိန်အတွင်း ဆက်သွယ်ကာ မှတ်ချက်တောင်းခဲ့သော်လည်း လတ်တလောတွင် ဆက်သွယ်၍ မရခဲ့ဟု […] The post ရေနံတင်သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွား appeared first on Popular .