Credit to Popular Journal - အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် မြင်စွာကျင်းပနိုင်ရန် မြို့နယ်အတွင်းဖွင့်လှစ်မည့် စာစစ်ဌာန(၆)ခုအားတာဝန်ရှိသူများမှ ယနေ့ မတ် ၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(ရွာထောင်)စာစစ်ဌာန၊ အ.ထ.က(ပြလို့)စာစစ်ဌာန၊ (စက်၊စိုက်၊မွေး)စာစစ်ဌာန၊ အ.ထ.က(ကျီရပ်ကုန်း)စာစစ်ဌာနနှင့် အ.ထ. က(ညောင်ပင်ဆိပ်)စာစစ်ဌာနတို့ရှိ စာဖြေခန်းများပြင် ဆင်ထားမှု၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင် ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများထားရှိမည့် (Vault)များအား၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ဆောင်ရွက်ထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ The post အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာန(၆)ခုအား ကြည့်ရှုစစ်ဆေး appeared first on Popular .