ကိုးရီးယား နှင့် တရုတ်နိုင်ငံတို့မှ စစ်ကိုင်းတိုင်းဒေသကြီး ငလျင်သင့်ပြည်သူများအတွက်ဆန် (၂၁၀)တန်လှုဒါန်း

Credit to Popular Journal - ကိုရီးယားသမ္မတနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်(၂၁၀)တန်လှူဒါန်းကြောင်း သိရသည်။  ASEAN Plus-3 အရေးပေါ် အရန်ရိက္ခာ (APTERR) အစီအ စဉ်-၃ (၂၀၂၅)အရ ကိုရီးယားသမ္မတနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ များအတွက်လှူဒါန်းသည့် ဆန်(၂၁၀) တန်ပေးအပ်ခြင်း အခမ်းအနားကို မတ်လ (၃)ရက်က စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။ “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့  (APTERR) ကဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို တာဝန်ရှိသူတွေနဲ့ တတ်အားသ၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့လက်ရှိလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားပြီး အခုထက်မက ဖွံ့ ဖြိုးတိုးတက်ကာ စိုက်ပျိုးရေးကဏ္ဍထွက်ကုန်တွေ ဖူ လုံစေရေးအတွက် ဌာနဆိုင်ရာတွေ၊ ဒေသခံတောင်သူတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်” ဟု […] The post ကိုးရီးယား နှင့် တရုတ်နိုင်ငံတို့မှ စစ်ကိုင်းတိုင်းဒေသကြီး ငလျင်သင့်ပြည်သူများအတွက်ဆန် (၂၁၀)တန်လှုဒါန်း appeared first on Popular .