Credit to Popular Journal - ဝန်ထမ်းကြို/ပို့နှင့် ကျောင်းကြို/ပို့ယာဥ်များအပါအဝင် နေ့စဥ်အသုံးပြုနိုင်သည့် ယာဥ်များကိုထပ်မံဖြည့်စွက်ပေးခဲ့ကြောင်း သိရသည်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြို/ပို့ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ၊ ကုန်စည်ဖြန့် ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ် ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ နေ့စဥ်အသုံးပြုနိုင်ကြောင်း သိရသည်။ ထိုသို့ အသုံးပြုချိန်၌ သုံးစွဲသည့်ခေါက်ရေအနည်းဆုံးနှင့် သုံးစွဲသည့်ယာဉ်စီးရေအနည်းဆုံးဖြစ်အောင်ကန့် သတ်ခြိုးခြံဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ အကြောင်းကိစ္စများအတွက် သုံးစွဲသည်မှာမှန်ကန်ကြောင်းကိုလည်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများ၊ ယာဉ်များတွင် သက်ဆိုင်ရာ အလုပ်ဌာနများ၏ ခိုင်လုံသည့်အထောက်အထား(သို့)ထောက်ခံချက်များပါရှိရမည်ဖြစ်ကြောင်း သိရသည်။ The post ဝန်ထမ်းကြို/ပို့နှင့် ကျောင်းကြို/ပို့ယာဥ်များအပါအဝင် နေ့စဥ်အသုံးပြုနိုင်သည့် ယာဥ်များကိုထပ်မံဖြည့်စွက်ပေး appeared first on Popular .