မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်စနစ် (CEIR) ကို မတ်လမှ စတင်အသုံးပြုမည်

Credit to Popular Journal - ပြည်သူများ လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းများ အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင် မြန်မာနိုင်ငံတွင် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်အသုံးပြု ဆက်သွယ်ရေးစက်ပစ္စည်းများ၏ မူရင်းအမှတ်အသားဖြစ်သည့် IMEI ကို မှတ်ပုံတင်စစ်ဆေးနိုင်ရန် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register – CEIR) ကို ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်မှ စတင်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက အသိပေးကြေညာခဲ့သည်။ အဆိုပါစနစ်ကို မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုသူများအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် ဖုန်းများကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ပြည်သူများ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ […] The post မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်စနစ် (CEIR) ကို မတ်လမှ စတင်အသုံးပြုမည် appeared first on Popular .